Windows 8.1 OS ထွက်မည်
ပြီးခဲ့တဲ့ အပါတ်ကတော့ တင်ဖူးပါတယ် ဒါပေမယ့် ဒါလေးက App တွေ ပိုလာပါတယ်
Microsoft မှ Windows 8 ထက်ပိုပြီးအဆင့်မြင့်တဲ့ Windows 8.1 OS ကို ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အဆင့်မြင့်ဆိုလို့ အရင်က ဗားရှင်းကို မမြင့်ဘူးလို့ မဆိုလိုပါဘူး။ ယခု ထက်ဖြန့်မယ့် 8.1 က UI ပိုတိုးလာတဲ့ သဘောပါ။ Windows 7 မှာ ပါခဲ့ သလိုမျိုး ဘယ်ထောင့်အောက်က Start Button တို့ ပြန်ပါမယ်လို့ ကြားနေ ပါတယ်။ ဇွန် ၂၆ မိတ်ဆက်တဲ့ နေ့ကျ အားလုံးကို သိရမှာပါ။
အရင် Windows 8 OS ဝယ်သုံးထားသူများ အနေနဲ့ ဝယ်သုံးစရာ မလို ပါဘူးတဲ့။ အခမဲ့ Upgrade လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ကျနော် တို့ မြန်မာ ပြည်မှာ အများစုက Crack ထားတဲ့ ကော်ပီခွေတွေ သုံးတာပါ။ ဒီတော့ Upgrade လုပ်ဖို့အတွက် စီဒီဈေးသက်သက်သာသာ နဲ့ ဝယ်လုပ် ရုံပါပဲ။ လောလောဆယ် အထိတော့ ရတာပေါ့။ ဆန်ရှင် တွေ ပွင့်တဲ့ တစ်နေ့။ မိုက်ခရိုဆော့ဖ်ဝင်လာတဲ့ တစ်နေ့ဆိုရင်တေ့ မရတော့မှာ သေချာ ပါတယ်။
sharing လုပ်ဖို့အတွက် Syncing ကောင်းလာမယ်။ Screen ဆိုဒ်အမျိုး မျိုးအတွက် ထောက်ပံ့မယ်။ SkyDrive app ပိုကောင်းလာမယ်။ PC Setting ဝင်ဖို့အတွက် control panel သွားစရာ မလိုတော့ဘူး ဘာညာနဲ့ သတင်းတွေ ထွက်နေပါတယ်။ Windows 8.1 OS မိတ်ဆက်တဲ့ နေ့မှ ပါဝင်လာမယ့် Feature အသစ်များကို ပြည့်ပြည့်စုံစုံ မိတ်ဆက်ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ်။
Credit to :Winkabarkyaw
About Metro UI Theme
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit...





No comments:
Post a Comment