Tuesday, May 28, 2013

Zapya ထက် နှစ်ဆမြန်တဲ့ Flash Transfer v1.3.0125 For Android

Android OS အချင်းချင်း Data တွေကို အပြန်အလှန် Transfer လုပ်နိုင်ဖို့အတွက် Flash Transfer ဆိုတဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Zapya ထက်တောင်မှ နှစ်ဆမြန်တယ်ဆိုတော့ဗျာ စဉ်း စားသကြည့်ကြပါတော့။ Bluetooth ထက် Zapya က အဆပေါင်းများစွာမြန်တာကိုလူတိုင်းသိကြမှာပါ။ အဲဒီ Zapya ထက်ကို နောက်ထပ်နှစ်ဆမြန်တယ်ဆိုတော့ အချိန်ကုန်အများကြီးသက်သာသွားတာပေါ့ဗျာ။ အသုံးပြုပုံကတော့ ရှင်းပြမနေတော့ပါဘူးဗျာ လွယ်ပါတယ် Zapya နဲ့ အတူတူပါဘဲ။ Download Now

Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်မယ်

မင်္ဂလာပါခင်ဗျာ Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။ Download Link / Link 1 ဒေါင်းလုပ်ပြီးသွားရင်တော့ setting ထဲက more ထဲက Permissions အောက်က Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။ ပြီးရင် usb debugging ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင် setting>>more>>about device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး back key လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို အမှတ်ခြစ်လုပ်နိုင်ပါပြီ။အားလုံးပြီးသွားရင်တော့ ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို install လုပ်လိုက်ပါ။ ပြီးသွားရင်တော့ setting >> My device >> Display ထဲဝင်လိုက်ပါ။ပြီးရင် Font Style ထဲကို ၀င်ပြီး အောက်ဆုံးမှာရှိတဲ့ Samsung Sans ဖောင့်ကိုရွေးပေးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့ Setting–>>My device–>> Language and input–>>Frozen keyboard Pro ကိုရွေးပေးထားပါ။ ထို့နောက် Dafault ကိုလည်း Frozen Zawgyi Keyboard Pro ကိုရွေးပေးထားပါ။ နောက်ဆုံးအနေနဲ့ကတော့ install လုပ်ထားတဲ့ ifont ဆိုတဲ့ icon လေးကို ဖွင့်လိုက်ပါ။ အပေါ်ဆုံးတန်းမှာ Install ဆိုတာလေးကိုနှိပ်ပါ။ အောက်မှာကျလာပါလိမ့်မယ် မိမိနှစ်သက်ရာမြန်မာဖောင့်ကိုရွေးပါ ဥပမာ (Myanmar + SoMa ) ကိုရွေးပြီး install လုပ်ပါ set ဆိုတာလေးကိုနှိပ်လိုက်ပါ။ OK လို့ပေါ်လာရင်နှပ်လိုက်ပါ။ Device က reboot လုပ်ဖို့တောင်းဆိုလာပါလိမ့်မယ် အဲဒီအခါကျရင် ပါဝါကီးလေးကို ဖိထားပြီး Restart ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြန်တတ်လာပြီးဆိုရင်တော့ facebook , Tango , Viber ,contacts တွေမှာမြန်မာလိုပေါ်နေပါပြီ ရိုက်လို့လည်းအဆင်ပြေပါတယ် facebook မှာဆိုလည်း မမှားသလောက်ပါပဲ အတော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ ။ ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ စိတ်ချလက်ချ ပြုလုပ်ပါခင်ဗျာ။ မရရင်တော့ အစကနေနောက်တစ်ကြိမ်ပြန်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။ သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ