Monday, June 17, 2013

Samsung တို့ ဘာကြောင့် Galaxy လို့ အမည်ပေးသလဲ

Samsung တို့ ဘာလုပ် Galaxy လို့ အမည်ပေးသလဲ (ဝါ) ဘာလို့ အမျိုးအစား များများ ထုတ်လဲ ယခု မြန်မာပြည်က User တွေ Complaint တက်နေတဲ့ အကြောင်းလေးပေါ့။ "Sasmung က ထုတ်ပဲထုတ်နိုင်လွန်းတယ်။ လုပ်စားတယ်။ Quantity ကိုဦးစားပေးတယ်" အစရှိသဖြင့်ပေါ့။ အဖြေက ဒီလိုပါ။ Samsung တို့ Android Device World ကိုဝင်လာတော့ Galaxy ဆိုတဲ့အမည်ကို အသုံးပြု ပါတယ်။ အမည်ရဲ့  အဓိပ္ပါယ်ကိုကလည်း Galaxy ပါ။ စင်္ကြာဝဌာကို ခြုံလွမ်းထားတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးပေါ့။ ဒီတော့ ဂလက်ဆီက ကြယ်တာယာ အသိုက်အဝန်းလိုပဲ မိသားစုဝင်ခပ်များများ၊ အမျိုးအစား ခပ်များများ ထုတ်လုပ်ပြီး တစ်နေ့ အိုင်တီထုတ်ကုန်လောကမှာ စင်္ကြာဝဌာကြီးလို လွမ်းမိုးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီး ဖြစ်ပါတယ်။ ဒီတော့ Samsung Galaxy S3 ထွက်ပြီး လပိုင်းအတွင်း Samsung Galaxy Note 2 ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy S3 Mini ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy Grand, Samsung Galaxy Tab 2, Sasmung Galaxy Camera ယခုနောက်ဆုံး Samsung Galaxy S4 အပြင် Samsung Galaxy S4 Active ပါထပ်ထွက်လာပါတယ်။ ဒါတောင် High end device တွေကိုပဲပြောတာပါ။ Low End User တွေ အတွက် ဈေးသက်သက်သာသာနဲ့ ကိုင်လို့ရအောင်ဆိုပြီး ၃ လ တစ်ခါနီးပါးထွက်ရှိနေတဲ့ စမတ်ဖုန်းတွေတောင် မပါသေးပါဘူး။ Samsung Galaxy Note 3 ကလည်း ထွက်ရှိဖို့ နီးနေပါပြီ။ ဒီတော့ Samsung က Unique ဖြစ်တာလေးမှ ကိုင်ချင်သူများအတွက်တော့ အဆင်မပြေပါဘူး။ သူက စင်္ကြဝဠာ တိုက်တစ်ခုလုံး လွမ်းမိုးမယ် ရည်ရွယ် ချက်နဲ့ နေရာတိုင်းမှာ Samsung မြင်စေရမယ်ဆိုပြီး နမ်းကြဲလိုက်တဲ့ သဘောပါ။ အရည်အသွေးအားဖြင့် ကြည့်ရင်လည်း Apple, LG, HTC, Nokia တို့ကို ဖိုက်နေပါတယ်။ အဓိကကတော့ Apple နဲ့ တိုက်ခိုက်နေပါတယ်။ သူ့အကြိုက်နဲ့ သူမို့ ဘယ်ဟာကောင်းတယ် မကောင်းဘူး လို့ ဆုံးဖြတ်ချက်ပေးလို့ မရပါဘူး။ စာဖတ်သူတို့ပဲ ဆုံးဖြတ် ပေးကြည့်ပေါ့။ Galaxy ဟာ မိသားစု အသိုက်အဝန်းကြီး တစ်ခုဖြစ်အောင် တည်ဆောက် နေတဲ့ အဓိပ္ပါယ်ရောက်ကြောင်း သိရပါတယ်။ - Aung Kham (TSJ team) TechSpace Journal ကိုလတ်(ကျွဲဆင်း)

Facebook ပေါ်က Video တွေကို ဖုန်းနဲ့ဒေါင်းယူချင်ရင်

thiha: Android ဖုန်းနဲ့ Facebook သုံးတယ်ဗျာ... အဲ့ဒီမှာ facebook က Video ဖိုင်လ်ကို ဒေါင်းတာ ဒေါင်းမရလို့ ကူညီပေးပါအုန်း.... Facebook ပေါ်က Video တွေကို Download ယူပေးမဲ့ App လေးပါ...။ မိမိ ဖုန်းမှာ ဒီ App လေးကို Install လုပ်ပါ... ပြီးရင် မိမိဒေါင်းယူလိုတဲ့ Facebook က Video တစ်ခုခုကို Play လိုက်ရင် FVD လေးတတ်လာပြီး Download ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်..:) Download Now

Android ဖုန်းတွေမှာ Google Apps များသွင်းနိုင်ရန်

ဖုန်းနဲ့ပါတ်သက်ရင် ကျနော်ကတော့ သိပ်နားမလည်ပါဘူး ဒါပေမယ့် ကျနော်ဆိုဒ်မှာလည်း ရှိသင့်သလောက် ရှိအောင်လို့ တက်သိနားလည်သောသူတွေဆီမှ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်ဗျာ GAPPS ( Google Apps ) Collection For Android Google Apps ( Google Account , Gtalk , Gmail ) စသည်တို့ ကို ထည့်သွင်းဖို့ ရာအတွက်ပါ ။ CWM Recovery ထည့်သွင်းမှ run လို့ ရမှာပါ ။ CWM Recovery မသွင်းချင်ရင်လည်း Flash Gordon အေပီကေ ဆော့ဝဲမှ တစ်ဆင့်လည်း ထည့်သွင်းလို့ ရပါတယ် ။ Flash Gordon အေပီကေဖိုင်သုံးမယ်ဆိုရင်တော့ မိမိဖုန်းမှာ Root လုပ်ထားဖို့ လိုပါတယ် ။ အောက်ပါဒေါင်းလုပ်လင့်များမှ Gapps များကို ဗားရှင်းအလိုက်ဒေါင်းလုပ်ဆွဲရယူနိုင်ပါတယ်။ GAPPS GB ( Gingerbread Version )http://d-h.st/Gct GAPPS ICS ( Icecream Sandwich Version )http://d-h.st/jnw GAPPS JB ( JellyBean Version )http://d-h.st/XtN Flash Gordon ( To Flash CWM Flashable Zip File without installing CWM Recovery )http://d-h.st/hMy