Android 4.3 Jelly Bean ထွက်ရှိမည်ဟု သတင်းပေါက်ကြား
=================================
ကမ္ဘာ့လူသုံးအများဆုံးမိုဘိုင်းလ် OS ဖြစ်သော Android OS ၏နောက်ဆုံးထွက်ဗားရှင်းဖြစ်သည့် Android 4.3 ကို လာမည့်ဇွန်လ ၁၀ ရက်နေ့ဝန်းကျင်တွင်ထုတ်ပြန်သွားမည်ဟု Android Developer အသိုင်းအ၀ိုင်းဆီမှ သတင်းရရှိသည်။
Android OS သည် version အဆင့်ဆင့်မြှင့်တင်လာခဲ့ရာ Version 2.3 မှ 4.0 သို့အတက်တွင် ထူးခြားမှုများစွာရှိခဲ့သော်လည်း 4.0 နောက်ပိုင်းတွင်မူ အနည်းငယ်သာ အချောကိုင်ထားသော Incremental Update များအဖြစ် Version 4.1, 4.2 တို့ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဓိကကျသော Update ထုတ်တိုင်း Nexus ဟန်းဆက်များကို မိတ်ဆက်လေ့ရှိသော Google သည် ယခုနှစ် Google I/O ညီလာခံတွင် Nexus ဟန်းဆက်ရော တက်ဘလက်ပါ ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ဘဲ ရေငုံနှုတ်ပိတ်နေရာ အများမျှော်လင့်နေကြသော Android 5.0 သို့မဟုတ် Key Lime Pie ကို ယခုနှစ်အတွင်းထုတ်ပြန်ရန်မရှိဟု အချို့ကယူဆနေကြသည်။ အဆိုပါအချက်ကို သေချာစေခဲ့သော အထောက်အထားတစ်ရပ်ကို ထိုင်းနိုင်ငံရှိ မိုဘိုင်းလ်ပြပွဲတစ်ခုတွင်တွေ့ခဲ့ရပြီး Android 4.3 တင်ထားသော Nexus 4 ဟန်းဆက်ကို ပြသခဲ့သသည်ဟု သိရသည်။
ယခင်ကလည်း Android 4.3 သုံးဟန်းဆက်ပုံများ သတင်းပေါက်ကြားခဲ့သေးသော်လည်း Build Number မှာ JWR23B မှ JWR39B အထိသာရှိခဲ့သော်လည်း ယခု Nexus 4 မှာမူ JWR45B တင်ထားသည်ကို တွေ့ရသဖြင့် အပြီးသတ်ထွက်ရှိရေးနီးစပ်လာပြီဖြစ်ကြောင်း၊ Android 4.3 ကို နာမည်မပြောင်းဘဲ Jelly Bean ဟုသာဆက်လက်ခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
Android 4.3 ကို Google နှင့်နီးနီးကပ်ကပ်ဆောင်ရွက်နေသော Developer များသာ Nexus 4 ဟန်းဆက်များနှင့်တွဲဖက်၍ သုံးစွဲခွင့်ရထားကြောင်း သိရသည်။
--
မင်းညီညီချမ်း
DL Tech Club
About Metro UI Theme
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit...





No comments:
Post a Comment